#လူရာမဝင်စေတဲ့စိတ်
မနာလိုမှုကိုရှောင်နိုင်ဖို့ဆိုတာဟာ
အမြဲတမ်းအတွက်တော့
မလွယ်ကူတဲ့အရာတစ်ခုပါ။
မနာလိုတတ်တဲ့သူတစ်ယောက်ရဲ့
စိတ်ကိုလည်း အမြဲမမြင်နိုင်ပါဘူး။
မနာလိုစိတ်ရှိတဲ့သူဟာ
အများအားဖြင့်
စိတ်လုံခြုံမှုကင်းမဲ့နေတတ်ပြီး
သူလိုချင်တဲ့အရာတွေကို
သူ့စိတ်ကူးက ရနိုင်လိမ့်မယ်လို့
ယုံကြည်နေတတ်လေ့ရှိပါတယ်။
ဒီလိုလူစားတွေဟာ အရာရာကို
အရည်အချင်းမပြည့်ပေမဲ့
ထိန်းချုပ်ချင်လာတတ်ကြပါတယ်။
သူတို့လိုချင်တဲ့ အရာတစ်ခုကို
ဆုံးရှုံးသွားမှာမျိုးတွေကိုလည်း
ကြောက်တတ်ကြပါတယ်။
မနာလိုမှုရှိတဲ့သူရဲ့စိတ်ဟာ
ထပ်ခါတလဲလဲပြုလုပ်တတ်တဲ့
အရာမျိုးတွေ အမြဲရှိနေတတ်ပါတယ်။
ဥပမာ သူခင်တွယ်တဲ့ သူကို
ဆုံးရှုံးသွားမှာကိုကြောက်တတ်တယ်။
ဒါဟာ ထိုသူ့အပေါ်ကို
ချစ်မေတ္တာကြောင့်တော့ မဟုတ်ပါဘူး။
သူ့ရဲ့အတ္တကြောင့်သာဖြစ်ပါတယ်။
ဒါကြောင့် သူဟာ
ဟန်ဆောင်မျက်နှာဖုံးမရှိပဲနဲ့ နေရခြင်းကို
ကြောက်ရွံ့နေတတ်တာကြောင့်
နောက်ပြောင်ကျီဆယ်ခြင်းမျိုးလည်း
စိတ်လွတ်လပ်စွာ မလုပ်တတ်ကြပါဘူး။
အထူးသဖြင့် သူတို့ ဖြစ်ချင်ပြောချင်
လုပ်ချင်တာတွေများလာတဲ့အခါမျိုးမှာ
သူတို့ရဲ့စိတ်ဟာ
အတော်ထိန်းချုပ်ထားရရင်
မနာလိုဝန်တိုမှုတွေဟာ
ပိုများလာတတ်ပါတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု
နည်းပါးလာတာကြောင့်
သူ့စိတ်ဟာ မလုံခြုံမှုတွေ
ပိုများလာတတ်ပါတယ်။
မနာလိုမှုဖြစ်လာတဲ့အခါမှာ
ကိုယ့်ရဲ့မကောင်းတဲ့စိတ်တွေကို
ထိန်းထားချင်ရင် ကိုယ့်ဘေးနားက
ကိုယ့်အပေါ်ချစ်ခင်တဲ့ လူတွေကိုပါ
ပြိုင်ဆိုင်ချင်လာတာတွေကြောင့်
သူ့ရဲ့အမူအရာနဲ့ ပြောဆိုလုပ်ကိုင်ပုံတွေဟာ
ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
ဒီလိုတွေ ခံစားလာရပြီဆိုရင်
ကိုယ့်ကိုယ်ကို ယုံကြည်မှုကို
ထိန်းသိမ်းပါ။
ကိုယ့်ကိုယ်ကို ဘယ်သူနဲ့မှ
မနှိုင်းယှဉ်မိပါစေနဲ့။
ဘာဖြစ်လို့လဲဆိုရင်
လောကမှာ ဘယ်သူမှ
ပြီးပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။
မနာလိုစိတ်ဆိုတာဟာ
ရေရှည်မှာ ပိုမိုပြဿနာများ
လုပ်မိလာစေနိုင်ပါတယ်လို့
Professional ကုထုံးဆရာဝန်များရဲ့၊
တွေ့ရှိချက်အရ
အန္တရာယ်အရှိဆုံးရောဂါတွေထဲက
တစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့်
အတူတကွရှိနေပေးတတ်တဲ့
မိတ်ဆွေကောင်းဆိုတာ
မင်း ငွေကြေးချမ်းသာနေလို့
မဟုတ်ပါဘူး။
မင်းအပေါ် တန်ဖိုးထားတယ်ဆိုတာ
မင်း ချောမောလှပနေမှ မဟုတ်ပါဘူး။
ကိုယ့်မှာရှိတဲ့ အတ္တစိတ်တွေကြောင့်
အနားကလူတွေအပေါ် ကိုပါ
မနာလိုစိတ်တွေများလာတဲ့အခါ
တစ်နေ့မှာ ကိုယ့်ကို သူတို့က
စွန့်ပစ်သွားခြင်းတွေကို ခံရမှာပါပဲ။
နောက်ဆုံး ကျန်ခဲ့တဲ့ အရာတွေထဲမှာ
အစစ်အမှန်တွေအားလုံး ကျန်ခဲ့ရမှာပါ။
အချိန်တွေ ကြာလာတာနဲ့အမျှ ၊
မနာလိုစိတ်တွေကြောင့်ပဲ
မေတ္တာကို မတိုးပွားစေနိုင်မယ့်
ကိုယ့်ရဲ့စိတ်ထား အစစ်အမှန်တွေကို
တကယ်စီစစ် သိရှိသွားတဲ့အချိန်ဟာ
သိပ်နောက်ကျသွားနိုင်ပါတယ်လို့
သတိပေးလိုက်ပါရစေ။
ဒါကြောင့်
ကိုယ့်စိတ်ကို ကိုယ် ထိန်းသိမ်းပါ။
အခြားသူတွေ လုပ်သလိုမျိုး
ပြိုင်ဆိုင်ချင်တာမျိုးတွေကို
မပြုမိပါစေနဲ့ ၊ ဘာကြောင့်လဲဆိုတော့
မင်းက ပြည့်စုံတယ်လို့
ထင်တဲ့သူတွေမှာလည်း
သူ့ကိုယ်ပိုင်ဘဝမှာ မပြည့်စုံမှုတွေ
အများကြီးရှိနေတာတွေကို
နားလည်နိုင်အောင်ကြိုးစားရင်း
မိမိစိတ်ကို အတ္တကင်းကင်းနဲ့ ၊
မနာလိုစိတ်တွေလျော့ပါးလာအောင်
ပြုပြင်ကြိုးစားသင့်ပါတယ်။
Blog information
- Category: Knowledge
- Author: Kyaw Soe Hla
- Published date: Jul 23, 2022
- Tags: #knowledge