☝ လိုတာထက် မပိုစေနဲ့ ☝
ပေါပေါများများရတဲ့အရာဆို
လူတွေက တန်ဖိုးမထားတတ်ကြတော့ဘူး
ဘယ်အရာကိုပဲဖြစ်ဖြစ်
လွယ်လွယ်နဲ့ အမြဲရနေရင်
အလေးအနက် မထားကြတော့ဘူး
အားနာတတ်မှန်းသိရင်
လှည့်စားချင်ကြတယ်
ချစ်မှန်းသိရင်
အနိုင်လိုချင်ကြတယ်
သည်းခံမှန်သိရင်
ဖိနင်းတတ်ကြတယ်
ခွင့်လွှတ်တတ်မှန်းသိရင်
အမှားလုပ်ဖို့ ဝန်မလေးကြတော့ဘူး
ဘဘောထားကြီးမှန်းသိရင်
လိုသုံး လုပ်သွားတတ်ကြတယ်
မတုန့်ပြန်ချင်လို့ ငြိမ်နေတဲ့အခါ
ဒီလူတော့ မနာတတ်ဘူးထင်သွားတယ်
ပြိုင်မငြင်းချင်လို့
ခေါင်းငုံ့ပြီး နေလိုက်တဲ့အခါ
ဒီလူတော့ အ လိုက်တာလို့ ထင်သွားတယ်
ဘယ်အရာရာဘဲဖြစ်ဖြစ်
လိုတာထက်ပိုသွားရင် မကောင်းဘူး
တစ်ချို့ဆက်ဆံရေးတွေက
အစပိုင်းဘဲ ကောင်းတယ်
နောက်ပိုင်း မျက်နှာဖုံးတွေပေါ်လာရင်
သင်ခန်းစာယူဖို့ဘဲကောင်းတယ်
ထပ်ပြီး ပတ်သတ်ဖို့ မကောင်းတော့ဘူး
အရမ်း မချစ်ပြနဲ့
အရမ်း ဂရုစိုက်မပြနဲ့
အရမ်း အလိုမလိုက်နဲ့
အရမ်း တွယ်ကပ်မထားနဲ့
အရမ်း သည်းသည်းလှုပ်ဖြစ်မပြနဲ့
အဲ့ဒီ အရမ်းတွေ များလာတဲ့အခါ
ကြာရင် မင်းမေတ္တာတွေ စျေးပေါသွားလိမ့်မယ်
တန်ဖိုးဆိုတာ
မကျခင်မှာ ထိန်းထားတာကောင်းတယ်
သိက်ခာဆိုတာ
မထိခိုက်ခင်မှာ စောင့်ထိန်းတာကောင်းတယ်
ဒဏ်ရာဆိုတာလဲ
မရခင်မှာ ပေးမယ့်သူတွေနဲ့
ဝေးအောင်ရှောင်နေတာ ပို ကောင်းတယ်
ကိုယ်ဆွဲထားမှ မြဲမယ့်လက်တွေ
ကိုယ့်ဘက်က စိတ်ရှည်ရှည်ထားနိုင်မှ
ရေရှည်မြဲမယ့်ဆက်ဆံရေးတွေကို ထားခဲ့လိုက်တော့
တကယ့်နားလည်မှုအစစ်အမှန်ဆိုတာ
သိပ်အများကြီး ရှင်းပြနေစရာ မလိုဘူး
တကယ် မေတ္တာအစစ်ဆိုတာ
အပင်ပန်းခံပြီး ဆွဲထားစရာမလိုဘူး
တကယ်ချစ်တဲ့သူဆိုတာလဲ
ဘာပဲဖြစ်နေ ဖြစ်နေ
ကိုယ့်နားလေးက ဘယ်တော့မှ
ထွက်သွားမှာ မဟုတ်ဘူး
ကိုယ့်တန်ဖိုးနားမလည်တဲ့သူတွေ
အနားက ထွက်သွားခွင့်ပြုလိုက်ပြီး
ကိုယ့်တန်ဖိုးနားလည်တဲ့သူတွေဘဲ
ဘဝထဲမှာ ရှိနေခွင့်ပေးထားလိုက်ပါ
အပေါ်ယံတွေ များနေတာထက်
တစ်ယောက်တည်းဖြစ်နေတာ ပိုကောင်းတယ်
ချစ်တာက ချစ်တာပေါ့
မချစ်နဲ့လို့ မပြောပါဘူး
ပေးတာက ပေးတာပေါ့
မပေးနဲ့လို့ မပြောပါဘူး
သဘောကောင်းတာက သဘောကောင်းတာပေါ့
မကောင်းနဲ့လို့ မပြောပါဘူး
အနစ်နာခံတာက အနစ်နာခံတာပေါ့
အနစ်နာမခံနဲ့လို့ မပြောပါဘူး
ဒါပေမယ့်
မင်းမှာလဲ မင်းသိက္ခာကို ကာကွယ်ဖို့
စည်းလေး ဘောင်လေးတော့ ရှိသင့်တာပေါ့
ဆိုတော့
ဘယ်အရာဘဲဖြစ်ဖြစ်
ရှိသင့်သလောက်လေး ရှိ
ဖြစ်ချင်သလောက်လေး ဖြစ်
ပေးသင့်သလောက်လေး ပေးပြီး
ချစ်သင့်သလောက်လေး ချစ်တာပဲကောင်းတယ်
လိုတာထက် မပိုစေနဲ့
လိုတာထက် ပိုသွားတဲ့အခါ
မင်းတန်ဖိုးတွေက
အလိုလိုနေရင်း ကျသွားတတ်တယ် … ။
Crd
Blog information
- Category: Knowledge
- Author: Kyaw Soe Hla
- Published date: Jul 22, 2022
- Tags: #php